International News

ကိုရိုနာ ဗိုင်းရပ်စ်ကို သစ်သီးများတွင် တွေ့ရှိပြီးနောက် တရုတ်နိုင်ငံမှ စစ်ဆေးမှုများ အရှိန်မြှင့်

Last Updated:

ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ သစ်သီးဝလံများ၏ ထုပ်ပိုးစ္စည်းများတွင် COVID-19 ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ကို တွေ့ရှိပြီးနောက် တရုတ်သည် သွင်းကုန်စည်းမျဉ်းများကို တင်းကျပ်ခဲ့ပြီဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံမှ နဂါးမောက်သီး နှင့် ထိုင်းနိုင်ငံမှ ကနစိုးသီးများကို ကိုရိုနာ ဗိုင်းရပ်စစ်ဆေးမှု ပြုလုပ် ခဲ့ရာ တရုတ်နိုင်ငံရှိ မြို့ကိုးမြို့ထက်မနည်းတွင် တွေ့ရှိကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရှိရပါသည်။

တရုတ်နိုင်ငံသည် ဒီဇင်ဘာလနှောင်းပိုင်းတွင် ကိုရိုနာဗိုင်းရပ်တွေ့ရှိမှုကြောင့် ဗီယက်နမ်မှ နဂါးမောက်သီးတင်သွင်းမှုအချို့ကို ဇန်နဝါရီလကုန်အထိ ရပ်တန့် ထားပြီးဖြစ်သည်။ ယခုအခါ အာဏာပိုင်များသည် တင်သွင်းလာသော စားသောက် ကုန်များကို စတင်စစ်ဆေးနေပြီဖြစ်ပြီး အစားအသောက်ဆိုင်များကို ယာယီပိတ်ကာ ဆက်စပ်အသီးအနှံဝယ်ယူသူများကို သီးသန့်ခွဲထားရန် ညွှန်ကြား ထားပါသည်။ ယမန်နှစ် စက်တင်ဘာလတွင် ဗီယက်နမ်မှ တင်သွင်းလာသော နဂါး မောက်သီးများ ထုပ်ပိုးသောသေတ္တာများတွင် SARS-CoV-2 ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီး တင်သွင်းမှုကို တစ်ပတ်ကြာ ရပ်ဆိုင်းထားခဲ့သည်။

COVID-19ကို ဖြစ်စေသော ဗိုင်းရပ်စ်ဖြစ်သော်လည်း အစားအစာ ဘေးကင်းရေးအတွက် တိုက်ရိုက်စိုးရိမ်စရာမဟုတ်ကြောင်း ကုလသမဂ္ဂ စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ကဲ့သို့သော အဖွဲ့အစည်းများက ပြောဆို ကြပါသည်။ လက်ရှိအချက်အလက်များအရ အစားအစာနှင့် အစားအစာ ထုပ်ပိုးမှု ပစ္စည်းများသည် SARS-CoV-2 ကဲ့သို့သော ဗိုင်းရပ်စ်များ ပျံ့နှံ့မှုအတွက် လမ်းကြောင်း တစ်ခု မဟုတ်ကြောင်း ညွှန်ပြနေကြောင်း ကိုရိုနာ ဗိုင်းရပ်စ်များသည် အစားအစာ သို့မဟုတ် မျက်နှာပြင်များပေါ်တွင် မပွားနိုင်ကြောင်း၊ လမ်းညွှန်ချက်များအရ အဆိုပါ ပတ်ဝန်းကျင်တွင် ဗိုင်းရပ်စ်ပိုးများ ကျ‌ရောက်ပါက ပိုးအရေအတွက် လျော့နည်း သွားကာ ကူးစက်မှု နည်းလာကြောင်း သိရှိရ ပါသည်။အစားအစာများနှင့် ထုပ်ပိုးမှုတွင် ဗိုင်းရပ်စ် သို့မဟုတ် ဗိုင်းရပ်စ် ribonucleic acid (RNA) အကြွင်း အကျန်များကို စစ်ဆေးခြင်းသည် ယခင်ညစ်ငြမ်းကြောင်း သက်သေပြသော်လည်း အစားအစာ သို့မဟုတ် အစားအစာ ထုပ်ပိုးစ္စည်းများမှ တဆင့် ကူးစက်ပြီး    ၎င်းတို့ကို ထိမိသူများတွင် ဖျားနာစေသော SARS-CoV-2 ဖြစ်ပွားကြောင်း အတည်ပြုချက် မရရှိ သေးပါ။

၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အစည်းအဝေးတွင် တရုတ်နိုင်ငံ၏ COVID-19 ချဉ်းကပ်မှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ပထမဆုံးထုတ်ဖော်ခဲ့သည့် နိုင်ငံများစွာထဲမှ တစ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုသည် ဖြစ်ကြောင်း၊ သြစတြေးလျ ကနေဒါ၊ ဥရောပသမဂ္ဂ၊ အိန္ဒိယနှင့် ရုရှားတို့ကလည်း အခြေအနေကို       မကျေနပ်ကြောင်း ပြောဆိုခဲ့ကြကြောင်း WTO ၏ သီးခြားကုန်သွယ်မှုဆိုင်ရာ စိုးရိမ်မှုကို ဘရာဇီး ၊ဂျပန်၊ ကင်ညာ၊          မက္ကဆီကို၊ နယူးဇီလန်၊ ပါရာဂွေး၊ ဆွစ်ဇာလန်နှင့် ဗြိတိန် တို့က ထောက်ခံထားပါသည်။

၂၀၂၀ ခုနှစ် ဇွန်လမှစတင်၍ တရုတ်နိုင်ငံတွင် COVID-19 နှင့်ပတ်သက်သည့် ကန့်သတ်ချက်များတွင် တင်ပို့သူထုတ်ပြန်ချက်ဆိုင်ရာလိုအပ်ချက်များ၊ အလုပ်သမား များ၏ COVID-19 ဖြစ်ပွားမှုဆိုင်ရာ စက်ရုံများမှ တင်သွင်းမှုများကို ဆိုင်းငံ့ထားခြင်း၊ စမ်းသပ်စစ်ဆေးခြင်းနှင့် အပြုသဘောဆောင်သော nucleic acid စမ်းသပ်မှု ရလဒ်များတွင် ဆိပ်ကမ်းဝင်ခွင့် ငြင်းပယ်ခြင်းများပါဝင်သည်။ သွင်းကုန် ထုတ်ကုန်များကို စမ်းသပ်ခြင်းနှင့် ပိုးသတ်ခြင်း ပါ၀င်သည့် နောက်ထပ် အစီအမံများ တွင် မဖြစ်မနေ ပြုလုပ်ရမည့် ကုန်သွယ်မှုဆိုင်ရာ ကြေငြာချက်များ (သို့မဟုတ်) ကူးသန်းရောင်းဝယ်ရေး စာချုပ်များအတွက် အပြောင်းအလဲများ၊ စျေးကွက် ဝင်ရောက်မှုကို ထိန်းသိမ်းရန် သို့မဟုတ် ပြန်လည်ရယူရန် အွန်လိုင်းမှ တဆင့် စစ်ဆေးမှုများ၊ အလုပ်သမားများတွင် SARS-CoV-2 တွေ့ရှိထားသော ပြည်ပသို့ အစားအသောက်ထုတ်လုပ်သည့် စက်ရုံများ တင်ပို့မှုကို ဆန္ဒအလျောက် ရပ်ဆိုင်းရန် တောင်းဆိုချက်များ ပါဝင်ပါသည်။

တရုတ်နိုင်ငံတွင်း  အိန္ဒိယ၊ အမေရိကန်နှင့် ကနေဒါတို့မှ တင်ပို့လာသော အစားအစာ နှင့် ထုပ်ပိုးမှုတွင် နျူကလိယအက်ဆစ် စမ်းသပ်ပြီးနောက် COVID-19 ဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ကြောင်း ၂၀၂၁ခုနှစ် ဇွန်လအထိ အကောက်ခွန်သည် ကြက်တောင်ပံ၊ ပင်လယ်စာနှင့် ငါးများကဲ့သို့ ထုပ်ပိုးကုန်ပစ္စည်းများ တင်ပို့မှုနှင့် ဆက်စပ်သောနမူနာ ၂၆ ခုတွင် COVID-19 ဗိုင်းရပ်စ် တွေ့ရှိခဲ့ကြောင်း သိရှိရ ပါသည်။

အရင်းအမြစ် - ကူမင်း-စီးပွားရေးသံမှူး

Category: International News